Privacy policy
Website တွင် Account ဖွင့်လှစ်ခြင်း၊ CV တင်ခြင်း၊ အလုပ်လျှောက်ထားခြင်းနှင့် Company Profile ဖန်တီးခြင်းတို့ ပြုလုပ်ရာတွင် အောက်ပါ အချက်အလက်များကို စုဆောင်းနိုင်ပါသည်။
- အမည် (Name)
- Email Address
- ဖုန်းနံပါတ်
- မွေးသက္ကရာဇ် (လိုအပ်ပါက)
- လိပ်စာနှင့် နေထိုင်ရာဒေသ
- CV / Resume နှင့် ပညာအရည်အချင်းဆိုင်ရာ အချက်အလက်များ
- လုပ်ငန်းအတွေ့အကြုံနှင့် ကျွမ်းကျင်မှုဆိုင်ရာ အချက်အလက်များ
- Company Information နှင့် ဆက်သွယ်ရန် အချက်အလက်များ
စုဆောင်းထားသော အချက်အလက်များကို အောက်ပါ ရည်ရွယ်ချက်များအတွက်သာ အသုံးပြုမည် ဖြစ်ပါသည်။
- အလုပ်အကိုင် လျှောက်ထားနိုင်ရန်
- Employer များနှင့် ဆက်သွယ်နိုင်ရန်
- User Account များကို စီမံခန့်ခွဲရန်
- Website ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်စေရန်
- Notification များ ပေးပို့ရန်
- Customer Support ဝန်ဆောင်မှုများ ပေးအပ်ရန်
အလုပ်ရှာဖွေသူတစ်ဦးသည် ဝဘ်ဆိုက်မှတစ်ဆင့် အလုပ်တစ်ခုကို လျှောက်ထားလိုက်ပါက အဆိုပါ အလုပ်ရှာဖွေသူ၏ CV Form နှင့် အချက်အလက်များကို သက်ဆိုင်ရာ အလုပ်ရှင်/ကုမ္ပဏီထံသို့သာ ပေးပို့ပြသမည် ဖြစ်ပါသည်။
အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်များကို မည်သည့် ကြော်ငြာကုမ္ပဏီ သို့မဟုတ် တတိယအဖွဲ့အစည်း (Third-party) ထံသို့မျှ စီးပွားရေးအရ ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် ခွင့်ပြုချက်မရှိဘဲ့ အလွဲသုံးစား ပေးပို့ခြင်းမျိုး လုံးဝ (လုံးဝ) ပြုလုပ်မည်မဟုတ်ပါ။
တည်ဆဲဥပဒေ သို့မဟုတ် တရားဝင် အစိုးရအဖွဲ့အစည်းများ၏ တရားဝင်တောင်းဆိုမှုများရှိလာပါက ဥပဒေနှင့်အညီ သတင်းအချက်အလက် ပေးပို့ခြင်းများ ရှိနိုင်ပါသည်။
Job Seeker များ၏ CV နှင့် Profile အချက်အလက်များကို User မှ ခွင့်ပြုထားသော အတိုင်းသာ Employer များ ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။
User များအနေဖြင့် -
- CV ကို Public ပြုလုပ်ရန်
- Private ပြုလုပ်ရန်
- Employer များမှ ရှာဖွေတွေ့ရှိနိုင်ရန် / မတွေ့ရှိနိုင်ရန်
စသည်တို့ကို မိမိစိတ်ကြိုက် သတ်မှတ်နိုင်ပါသည်။
- အသုံးပြုသူများသည် မိမိတို့၏ အကောင့်အတွင်းရှိ အချက်အလက်များကို အချိန်မရွေး ပြန်လည်ပြင်ဆင်ခွင့်၊ အဆင့်မြှင့်တင်ခွင့် ရှိပါသည်။
- မိမိ၏ အကောင့်နှင့် အချက်အလက်များကို ဝဘ်ဆိုက်စနစ်အတွင်းမှ လုံးဝ ပယ်ဖျက်လိုပါကလည်း (ဖျက်သိမ်းခွင့်) Customer Support ထံ ဆက်သွယ်၍ တောင်းဆိုနိုင်ပါသည်။
စုဆောင်းရရှိထားသော အချက်အလက်များကို အောက်ပါ ရည်ရွယ်ချက်များအတွက်သာ အဓိက အသုံးပြုပါသည် -
- အလုပ်ရှာဖွေသူများနှင့် အလုပ်ရှင်များအကြား သင့်တော်သော အလုပ်အကိုင်များကို စနစ်တကျ ချိတ်ဆက်ပေးရန်။
- အကောင့်လုံခြုံရေးအတွက် Gmail SMS OTP (တစ်ခါသုံး လျှို့ဝှက်နံပါတ်) ပေးပို့စစ်ဆေးရန်။
- အလုပ်လျှောက်ထားမှု အခြေအနေများနှင့် သက်ဆိုင်သည့် သတိပေးချက်များကို ပေးပို့ရန်။
- ဝဘ်ဆိုက်၏ ဝန်ဆောင်မှုနှင့် စွမ်းဆောင်ရည်များကို ပိုမိုကောင်းမွန်အောင် အမြဲတစေ ပြုပြင်မွမ်းမံရန်။
- မမှန်မကန် လုပ်ဆောင်မှုများ၊ လိမ်လည်မှုများနှင့် အကောင့်အတုများကို စိစစ်တားဆီးရန်။
Mandalay Job Website သည် User များ၏ ကိုယ်ရေးအချက်အလက်များကို လုံခြုံစိတ်ချစွာ သိမ်းဆည်းနိုင်ရန် နည်းပညာဆိုင်ရာ လုံခြုံရေးစနစ်များကို အသုံးပြုထားပါသည်။ သို့သော် Internet ပေါ်ရှိ Data ပေးပို့မှုများသည် ၁၀၀% လုံခြုံမှုရှိသည်ဟု အာမခံနိုင်ခြင်း မရှိသဖြင့် User များအနေဖြင့်လည်း မိမိ၏ Password များကို လုံခြုံစွာ သိမ်းဆည်းထားရန် လိုအပ်ပါသည်။
Website ၏ လုပ်ဆောင်ချက်များ ကောင်းမွန်စေရန်နှင့် User Experience ပိုမိုကောင်းမွန်စေရန် Cookies များကို အသုံးပြုနိုင်ပါသည်။
Mandalay Job Website သည် လိုအပ်သလို Privacy Policy ကို အချိန်မရွေး ပြင်ဆင်၊ ဖြည့်စွက်၊ အပ်ဒိတ်ပြုလုပ်နိုင်ပြီး ပြင်ဆင်ထားသော မူဝါဒများသည် Website ပေါ်တွင် ဖော်ပြသည့် နေ့ရက်မှ စတင်၍ အကျုံးဝင်မည် ဖြစ်ပါသည်။
Terms & Conditions နှင့် ပတ်သက်၍ မေးမြန်းလိုပါက အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါသည်။
Mandalay Job Website
Email: mandalayjob1@gmail.com
Phone: 09256403559
Address: Myawaddyimingyi street Between 78st and 79st, Pyigyidagon Township,Mandalay.
နောက်ဆုံးပြင်ဆင်သည့်နေ့စွဲ - ၃၀ ဇူလိုင် ၂၀၂၆